Main menu

မန္တလေးပဲနီပြားစျေးပိုမိုရရှိ

Powered by Drupal

    ပဲနီပြားမှာ ပြည်တွင်း စားသုံးမှုများပြားပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲနီပြား သီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု   (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း   သိရပါသည်။     မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင်  ၂၀၂၅ ခုနှစ် စက်တင်ဘာလ တတိယပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲနီပြား(ကျွန်း)၄၈၀၀၀၀ ကျပ်နှင့် ၅၂၀၀၀၀ ကျပ်၊ ပဲနီပြား(တံတားဦး) ၄၃၀၀၀၀ကျပ်နှင့် ၄၅၀၀၀၀ကျပ်၊  တစ်ပိဿာလျှင် ပဲနီပြား(ကျွန်း) ၈၆၈၈ကျပ်နှင့် ၉၄၁၂ ကျပ်၊ ပဲနီပြား (တံတားဦး)၇၇၈၃ကျပ်နှင့် ၈၁၄၅ကျပ်တို့ဖြစ် ကြောင်း သိရှိရပါသည်။ယခင်နှစ်ကာလတူစျေးမှာ တစ်ပိဿာလျှင် ပဲနီပြား၈၁၄၅ ကျပ်နှင့်၈၆၈၈ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှင့်ယခုနှစ်စျေးနှိုင်း ယှဉ်ပါကပဲနီပြားမှာ စျေးပိုမိုရရှိကာ အရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)