Main menu

မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ဇီတော်ဖီ(ခေါ်) ဇီးပြားဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ  ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ဇီးတော်ဖီ(ခေါ်)ဇီးပြားများကို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ ယခုစက်တင်ဘာလ တတိယပတ်တွင် ရောင်းချနေသော ဇီးတော်ဖီ(ခေါ်) ဇီးပြားဈေးနှုန်းမှာ (၁)ပိဿာလျှင် (၈၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၃၀၀)ကျပ်နှင့် (၁၀)ကျပ် သားလျှင် (၉၀၀)ကျပ်နှင့် အသင့်ထုတ်ပြီး(၁)ထုပ်လျှင် (၇၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)