
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်စေရန်တွက် ခရိုင်စားသုံးသူရေးရာကော်မတီများ တွေ့ဆုံဆွေးနွေးခြင်းနှင့် ခရိုင်စားသုံးသူရေးရာကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ ရှင်းလင်းဆွေးနွေးခြင်းကို Virtual စနစ်ဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မုံရွာ ခရိုင်နှင့် ရွှေဘိုခရိုင်များမှ ခရိုင်စားသုံးသူကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူချုပ်က စားသုံးသူကာကွယ်ရေးဥပဒေပါ ခရိုင်စားသုံးသူ ရေးရာကော်မတီဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်၊ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များအကြောင်း ပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာနခွဲမှ၊ ညွှန်ကြားရေးမှူးက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကော်မရှင်၊ ကော်မတီများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ရှင်းလင်း ဆွေးနွေးခြင်း၊၊ ဌာနခွဲရှိ ဒုတိယညွှန်ကြားရေးမှူးက ခရိုင်ကော်မတီအစည်းအဝေး အမှာစာ နမူနာများနှင့် လုပ်ငန်းဆောင်ရွက် မှုများ ရှင်းလင်းဆွေးနွေးခြင်း၊ ခရိုင်စားသုံးသူရေးရာကော်မတီများက အထွေထွေ ဆွေးနွေး တင်ပြခြင်း များ ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးကို (၁၆း၀၀)နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)