Main menu

“မြစ်သားမြို့နယ်တွင်နှံစားပြောင်းသီးနှံများစတင်ထွက်ရှိ”

Powered by Drupal

           ကျောက်ဆည်ခရိုင်အတွင်း သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပြီး ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ နေကြာ၊ မြေပဲများအပြင် စျေးကွက်ဝယ်လိုအားရှိပြီး ကျွဲ၊ နွားစာပါဖူလုံသော နှံစားပြောင်းသီးနှံကို လည်းစိုက်ပျိုလျက်ရှိပါသည်။ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် မြစ်သားမြို့နယ်တွင် နှံစားပြောင်းသီးနှံကို (၄၄၄)ဧက စိုက်ပျိုးခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် တိုးနီမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုး(၄)ပြည် စိုက်ပျိုးရပြီး၊ (၁)ပြည်လျှင်(၂၀၀၀/-) ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ထယ်စနစ်ဖြင့် စိုက်ကြောင်းဆွဲ အစေ့ချ၊ အတန်းလိုက် စိုက်ပျိုးရကြောင်း၊ ၄င်းသီးနှံအား ဆည်ရေ မရရှိသော ယာမြေများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၃၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ‌မေလတွင်တွင် စတင်စိုက်ပျိုးပြီး ယခု နိုင်ဝင်ဘာလဆန်းတွင် စတင်ထွက်ရှိနေပြီဖြစ်ကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၂၅-၃၀) တင်းခန့် ထွက်ရှိပြီး ယခုနှစ်တွင် ရာသီဥတုကောင်းသော ကြောင့် (၁)ဧကလျှင် အထွက်နှုန်းအနေဖြင့် (၃၅-၄၅)တင်းခန့် ထွက်ရှိမည်ဟုခန့်မှန်းရကြောင်း ၊ စျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် နှံစားပြောင်း တစ်တင်းလျှင်(၂၃၀၀၀/-)ကျပ် ရရှိခဲ့ပြီးယခု ပေါ်ခါစအချိန်တွင် နှံစားပြောင်းစျေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၁၈၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့‌ရောင်းချကြပြီး ပွဲရုံများမှတဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ နှံစားပြောင်းသီးနှံ စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ်ဝင်ငွေတိုးရုံသာမက ကျွဲ၊ နွားစာပါ ဖူလုံသောကြောင့် တောင်သူများ တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)