Main menu

လွိုင်ကော်မြို့ ဒေသစပါး၊ ဆန် ဈေးနှုန်းမြှင့်တက်လျက်ရှိ

Powered by Drupal

     ကယားပြည်နယ်တွင်(ရွှေရင်အေး(၁)စပါး၊ ရွှေရင်အေး(၂)စပါး၊ တရုတ်မွေးစပါးနှင့် ဖိုက်အိုတူး စပါး) စသည့်စပါးအမျိုးအစားတို့ကို အဓိကစိုက်ပျိုးကြပြီးစပါးဈေးနှုန်းများအနေဖြင့် ရွှေရင်အေး(၁)တစ်ပိဿာကို(၁၂၀၀-၁၄၀၀)ကျပ်ကြား၊ ရွှေရင်အေး(၁)တစ်ပိဿာကို(၁၁၀၀ ကျပ်မှ ၁၂၀၀ ကျပ်)ကြား၊ တရုတ်မွှေးတစ်ပိဿာကို(၁၀၀၀ ကျပ်မှ ၁၁၀၀ ကျပ်)ကြားနှင့် ဖိုက်အိုတူးစပါးတစ်ပိဿာကို(၁၄၀၀ ကျပ်မှ ၁၅၀၀ ကျပ်)ကြားရှိပြီး ပြည်နယ်တွင်းစိုက်ပျိုးသော စပါးများကို ဒေသတွင်းကြိတ်ခွဲကာ စားသုံးမှုမှာအနည်းငယ် သာရှိပြီး အများအားဖြင့် မန္တလေးသို့အဓိကတင်ပို့နေ ကြ သော် လည်း ယခုစက်တင်ဘာလတွင် ကယားပြည်နယ်မှ အခြား ဒေသသို့ ဆန်တင်ပို့မှုလျော့နည်းလာခြင်း၊ အခြားဒေသမှ ပြည်နယ်တွင်းသို့ ဆန်တင်သွင်းမှု လျှော့နည်းလာခြင်းတို့ကြောင့် ပြည်နယ်တွင်းထွက်ရှိသော ဆန်ဈေးနှုန်းများမှာ ရွှေရင်အေး(၁)တစ်အိတ် လျှင်(၇၀၀၀၀)ကျပ်၊ ရွှေရင်အေး(၂) တစ်အိတ်လျှင် (၆၅၀၀၀)ကျပ်နှင့် တရုတ်မွှေး တစ်အိတ်လျှင် (၆၂၀၀၀)ကျပ် တို့ရှိပြီး ယခင်ဩဂုတ်လ ဆန်ဈေးနှုန်းများမှာ ရွှေရင်အေး (၁)တစ်အိတ်လျှင် (၅၈၀၀၀)ကျပ်၊ ရွှေရင်အေး(၂)တစ်အိတ်လျှင် (၅၃၀၀၀)ကျပ်နှင့် တရုတ်မွှေး တစ်အိတ်လျှင် (၅၀၀၀၀)ကျပ် တို့ဖြင့် အရောင်း အဝယ် ဖြစ် လျှက်ရှိပြီး ယခင် ဩဂုတ်လနှင့် ယခုစက်တင်ဘာလဈေးနှုန်းကိုနှိုင်းယှဉ်ကြည့်လျင် ရွှေရင်အေး(၁)တစ်အိတ်လျှင် (၁၂၀၀၀) ကျပ်၊ ရွှေရင်အေး(၂)တစ်အိတ်လျှင် (၁၂၀၀၀)ကျပ်နှင့် တရုတ်မွှေးတစ်အိတ်လျှင် (၁၂၀၀၀) ကျပ်တို့ဖြင့် ဈေးနှုန်းမြှင့်တက်လျက်ရှိကြောင်း ဒေသဆန်ဈေးနှုန်း မြှင့်တက်ရခြင်းမှာ ဒေသတွင်း စိုက်ပျိုးထုတ်လုပ်မှုလျော့နည်းလာခြင်း၊ ယခင်နှစ် စပါးလက်ကျန်နည်းပါးလားခြင်းကြောင့် ဈေး နှုန်းမြှင့်တက်ရခြင်းဖြစ်သည်ဟု ဆန်စက်ပိုင်ရှင် တစ်ဦးထံမှသိရှိရပါတယ်။

DOCA(ကယား)