
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစားသောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများရောင်းချသည့်အနက်မှ အသား/ငါး ဈေးနှုန်းများထဲမှ ဝက်အူချောင်းဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။
ကျွန်းလှမြို့ စက်တင်ဘာလ ပထမပတ်၏ ဝက်အူချောင်း တစ်ပိဿာလျှင်(၄၈၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၂၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၂၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၄၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခုစက်တင်ဘာလ ဒုတိယပတ်တွင် ဝက်အူချောင်း တစ်ပိဿာ လျှင်(၄၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၁၅၀၀)ကျပ် နှင့် (၁၀)ကျပ် သားလျှင်(၄၆၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ကားလမ်းများပွင့်လာသည့်အတွက် ယခင်အပတ်ထက် ဝက်အူချောင်းဈေးနှုန်း တစ်ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဝက်အူချောင်းရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)