Main menu

ကျွန်းလှမြို့တွင် ဈေးကောင်းရရှိနေသော သပြေပန်း ဈေးနှုန်း

Powered by Drupal

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးတွက် အသက်မွေးဝမ်းကြောင်း ပြုသူများရှိသည့်အနက် သပြေပန်းကိုလည်းချိုးပြီး ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။

        သပြေပန်းကို ဘုရားပန်းကပ်လှူရန်အတွက်လည်းကောင်း၊ လှူပွဲ မင်္ဂလာပွဲ အခမ်းအနားများ တွင် အောင်ပန်းအဖြစ်လည်းကောင်း   အသုံးပြုကြပြီး  ယခု ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ် အတွင်း သပြေပန်းအခက် တစ်စည်းလျှင်(၁၅၀၀)ကျပ်၊ သပြေပန်း အငုတ်ကြီး(၁)ငုတ်လျှင် (၃၀၀၀/၄၅၀၀)ကျပ် နှင့် သပြေပန်း အငုတ်သေး(၁)ငုတ်လျှင်(၁၅၀၀/၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး လူကြိုက်များသော ပန်းဖြစ်သည့်အတွက် ဈေးကောင်းရရှိပြီး အရောင်းအဝယ် သွက်လျက် ရှိကြောင်း ပန်းရောင်းချသူ များထံမှ သိရသည်။

DOCA (စစ်ကိုင်း)