
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ခဆော့ပင်နှင့် ကင်းမုံသီးပင်များကို မိမိတို့နေအိမ် ခြံဝင်းများတွင်လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ ဈေးဟောင်းနှင့် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ခဆော့သီးဈေးနှုန်းများမှာ ခဆော့သီးတစ်(၁)ဘူးလျှင် (၄၀၀)ကျပ်၊ တစ်ပြည်လျှင် (၃၂၀၀)ကျပ်နှင့် ကင်းမုံသီ(၁)ပြည်လျှင် (၂၀၀၀)ကျပ်မှ (၂၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)