Main menu

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ပန်းတိမ်ငိုဘုရားပန်းဈေးနှုန်း/ဈေးကွက်

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်အနီးတစ်ဝိုက်ကျေးရွာများ၌ စီးပွားဖြစ် ဘုရားပန်းများ စိုက်ပျိုးရောင်းချလျက်ရှိပြီး လူကြိုက်များသော ပန်းတိမ်ငိုပန်းများနှင့် အခြားသော  ဘုရားပန်းများကို ရန်ကုန်နှင့် မော်လမြိုင်တို့ဘက်မှ အများဆုံးတင်သွင်း‌ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းတိမ်ငိုဘုရားပန်းသည် အထားခံပြီး ကျက်သရေရှိသည့်အတွက် ဈေးကောင်းရရှိ ကြောင်းလည်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ် စက်တင်ဘာလတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ပန်းတိမ် ငိုဘုရားပန်းဈေးနှုန်းမှာ (၁၀)ပွင့်လျှင် (၆၀၀၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)