
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ပန်းသစ်တော်သီး အများအပြား ရောင်းချလျက်ရှိကြောင်း ပန်းသစ်တော်သီးများကို တခြားဒေသများနှင့် သစ်သီးပွဲရုံများမှ မှာယူ ရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။ ပန်းသစ်တော်သီးသည် အရည်ရွှမ်း သော အသီးဖြစ်သည့်အတွက် လူကြိုက်များကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ သစ်သီးဆိုင်များတွင် ရောင်း ချနေသော ပန်းသစ်တော်သီးဈေးနှုန်းများမှာ အကြီးတစ်လုံးလျှင်(၃၀၀၀)ကျပ်နှင့် အငယ်တစ်လုံး လျှင် (၂၅၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)