Main menu

မိတ္ထီလာမြို့နယ် ဝါဂွမ်းဈေးကွက်

Powered by Drupal

       မိတ္ထီလာခရိုင်တွင် ဝါသီးနှံစိုက်ပျိုးမှုအနေဖြင့် ဧပြီလ၊ မေလများ၌ စိုက်ပျိုးရသော မိုးကြိုဝါကို သာစည်မြို့နယ်တွင်သာ စိုက်ပျိုးရာ ဇူလိုင်လတွင် ကောက်သိမ်းလေ့ရှိပါသည်။ ယခုနှစ် မိုးကြိုဝါမှာ မိုးများသည့်အတွက် အပင်ထိခိုက်ခဲ့သဖြင့် အရည်အသွေးနိမ့်ကြောင်း သိရသည်။ ထို့အတွက် ဒေသတွင်း ဝါမှ ဝါဂွမ်း၊ ဝါစေ့ဆီထုတ်လုပ်သော ပုဂ္ဂလိကဝါစက်များက အဝယ်မရှိသေးဘဲ ယခင်နှစ် ဝါဂွမ်းအဟောင်းလက်ကျန်အဟောင်းများဖြင့်သာ အရောင်းအဝယ်ဖြစ်  ကြောင်း သိရသည်။ ဝါဂွမ်းဈေးအနေဖြင့် တစ်ပိဿာလျင် စက်မှုဝန်ကြီးဌာန တင်ဒါဈေးမှာ (၁၁၉၀၀) ကျပ်၊ တပ်မတော်ချဉ်မျှင်စက်များသွင်းဈေးမှာ A- ၁၁၀၀၀ ကျပ်၊ B-၁၀၀၀၀ ကျပ်၊ ပုဂ္ဂလိကချဉ်မျှင်စက်များသို့ ရောင်းဈေးမှာ (၈၀၀၀) ကျပ်မှ (၉၅၀၀) ကျပ်ဈေးရှိကြောင်း ပုဂ္ဂလိကဝါစက်ပိုင်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)