Main menu

မိတ္ထီလာမြို့နယ်တွင် စက်တင်ဘာလဆန်း၌ ကြက်သွန်နီနယ်ဝေးတင်ပို့မှုနည်း

Powered by Drupal

          မိတ္ထီလာခရိုင်တွင် စက်တင်ဘာလဆန်း၌ ကြက်သွန်နီဈေးထပ်မံ ကျဆင်းလာကြောင်း သိရသည်။ မိတ္ထီလာဈေးကွက်မှနေ၍ ရန်ကုန်၊ ပဲခူးမြို့များသို့ တင်ပို့မှုမှာ အပြန်ကုန်နည်းသည့်အတွက် တင်ပို့မှုနည်းကာ ပြည်ပဝယ်လက်များဖြစ်သည့် မော်လမြိုင်၊ မြဝတီတို့မှာလည်း အဆွဲနည်းသည့်အတွက် တင်ပို့မှုနည်းခြင်းဖြစ်ကြောင်းသိရသည်။ ထို့အတွက် ဒေသတွင်း တောင်သူ၊ ကုန်သည်များတွင် ကုန်လက်ကျန်များခြင်း၊ မိုးရွာသွန်းမှုများကြောင့် အခွံမှာမည်းလာပြီး အရည်အသွေးနိမ့်လာခြင်းတို့ကြောင့် ဈေးနိမ့်လာခြင်းဖြစ်ပါသည်။ ဩဂုတ်လကုန်ပိုင်းမှ စက်တင်ဘာလဆန်းပိုင်းအထိ တောင်ကြီး၊ တာချီလိတ်မြို့များသို့ ပုံမှန်တင်ပို့နိုင်ကာ နယ်ဝေးတင်ပို့နေသော လက္ကားဈေးအနေဖြင့် တစ်ပိဿာလျင် (၈၀၀-၉၀၀) ကျပ်ရှိကြောင်း ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျင် (၁၀၀) ကျပ် ဈေးနှုန်းကျဆင်းလာကြောင်း ကြက်သွန်နီတင်ပို့ရောင်းချနေသော ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)