
၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၁၀) ရက်နေ့၊ နံနက် ၀၉:၃၀ အချိန်၌ ပုသိမ်မြို့ ဂန္ဓမာခန်း တွင် ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ ၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ၊ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များ ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ၊ ဒုတိုင်းဒေသကြီးဦးစီးမှူးနှင့် ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးက စားအုန်းဆီဖြန့်ခွဲမှု ကိစ္စများ ပိုမိုအဆင်ပြေလွယ်ကူစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားခြင်း၊ ဧရာဝတီ တိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းက ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းခြင်းကိစ္စနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခြင်း ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးက အသင်းပြန်လည် ဖွဲ့စည်းမည့် ကိစ္စများကို အသင်းဝင်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရွေးချယ်တင်မြောက်မှုတွင် တက်ရောက်လာသည့်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် (၂၀၀) ဦးမှ မြို့နယ်အလိုက် အဆိုပြုရွေးချယ်တင်သွင်းသူ (၁၅၇) ဦးအနက် မြို့နယ် အလိုက် (၂၆) ဦးနှင့် မဲအများဆုံးရရှိသူ (၂၉) ဦး ၊ စုစုပေါင်း (၅၅) ဦးတို့အား အလုပ်အမှုအဆောင်အဖြစ် ရွေးချယ်ခဲ့ပြီး (၅၅) ဦးအနက် (၃၁) ဦးအား ဗဟိုအလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခဲ့ပြီး (၃၁) ဦးအနက်မှ စီမံခန့်ခွဲရေးကော်မတီ (၁၀) ဦးအား ရွေးချယ်တင်မြောက်ခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းဥက္ကဋ္ဌအဖြစ် ဦးဖြိုးညီအောင်မှ မဲအများဆုံးဖြင့် ရွေးချယ်တင်မြှောက်ခံခဲ့ရကြောင်း သတင်းရရှိပါသည်။
ဧရာဝတီ (DOCA)