Main menu

ကျွန်းလှမြို့တွင် ရောင်းချနေသော ကန်ဇွန်းဥ ဈေးနှုန်း

Powered by Drupal

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး နှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင် ကြရာ စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် နှင့် မိမိပိုင်ယာမြေများတွင် စီးပွားဖြစ် စိုက်ပျိုးရောင်းချလျက်ရှိပါသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ် နေသော ကန်ဇွန်းဥ ဈေးနှုန်းမှာ ကန်ဇွန်းဥ တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၃၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၇၀၀)ကျပ် ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးသူများပြီး အရောင်းအဝယ်ဖြစ်နေ ကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများ ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)