
(၉.၉.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၄)ဉီးတို့သည် အမှတ်(၆/၉၀)၊ အုန်းပင်လမ်း၊ အင်းစိန်မြို့နယ်ရှိ ယူမီအလှကုန်လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိကို DOCA Application တွင် ထည့်သွင်း၍ စစ်ဆေးခဲ့ပြီး မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန် များနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များ အကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)