
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ငှက်ပျောသီးဆိုင်တွင် ဖီးကြမ်း ငှက်ပျောသီး၊ ခွံစိမ်းငှက်ပျောသီးနှင့် ကက်သဲငှက်ပျောသီးများ ရောင်းချလျက်ရှိကြောင်း၊ ဒေသထွက်ဖီးကြမ်းသီးနှင့် ကက်သဲငှက်ပျောသီးများ အရောင်းသွက်လျက်ရှိပြီး ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှ မြို့နယ်တို့မှ ဝင်ရောက်လျက်ရှိကြောင်း ငှက်ပျောသီးဆိုင်များမှ သိရှိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ ငှက်ပျောသီးဆိုင်များတွင် ရောင်းချလျက်ရှိသော ဒေသထွက် ဖီကြမ်းငှက်ပျောသီး အလုံးလှ(၁)ဖီးလျှင် (၃၅၀၀)ကျပ်၊ အလုံး အသေး(၁)ဖီးလျှင် (၂၅၀၀)ကျပ်နှင့် ကက်သဲငှက်ပျောသီး(၁)ဖီးလျှင် (၂၅၀၀)ကျပ်၊ ခွန်စိမ်းငှက်ပျော သီး(၁)ဖီးလျှင် (၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချကြောင်း ငှက်ပျောသီးရောင်းချသူများထံမှ သိရှိရ ပါသည်။
DOCA(စစ်ကိုင်း)