Main menu

မြင်းခြံဒေသငါးများအရောင်းသွက်

Powered by Drupal

     မြင်းခြံမြို့နယ်သည် ဧရာဝတီမြစ်၏အနီးဝန်းကျင်တွင် တည်ရှိပြီး မြစ်ရေတက်ချိန်များတွင် မြို့အစွန်ရှိ ရပ်ကွက်နှင့်ကျေးရွာများထိ ရေရောက်ရှိတတ်ပါသည်။ မြို့နယ်အတွင်းရှိ လှိုင်းတက်၊အနိမ့်၊လေးအိမ်တန်းကျေးရွာများသည် တံငါလုပ်ငန်းကိုလုပ်ကိုင်ကြပြီး ငါးဖမ်းရာသီ အချိန်များတွင် မြစ်ရိုး အနီးရှိကျေးရွာများမှ ငါးများမြင်းခြံဈေးကွက်သို့လာရောက်ရောင်းချခြင်း၊ ငါးရောင်းဝယ်သူများထံသို့ ရောင်းချခြင်းများရှိပါသည်။ မြစ်ငါးများသည် အရသာရှိခြင်း၊ လတ်ဆတ်ခြင်းများကြောင့် ဒေသခံများ အများဆုံးဝယ်ယူ စားသုံးကြသည်။ မြင်းခြံဒေသ တွင်ဒေသထွက်ငါးများအပြင် ငါးနှင့်ပုဇွန်များကို ရန်ကုန်ဘက်မှ အများဆုံးဝယ်ယူ ရောင်းချ ကြောင်းသိရပါသည်။ ဒေသခံနယ်သားများအနေဖြင့် ငါးမျိုး စုံကို ဝယ်ယူစားသောက်ကြ လျက်ရှိရာ ဒေသမှထွက်ရှိသော အရိုးပါစားနိုင်သည့်ငါးသေးလေးများ ကိုလည်း အိုးကပ်ချက် စားခြင်း၊ ကြော်စားခြင်းများဖြင့် ကြိုက်နှစ်သက်စွာ စားသုံးလျက်ရှိပါသည်။  ငါးသေးလေးများ တွင် အများခေါ် ငါးမှီးဝါ(ရင်မောင်စာ)ငါးများကို အများဆုံးဝယ်ယူစားသုံးလျက်ရှိရာ ယခု စက်တင်ဘာပထမပတ်တွင် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ် များဖြင့် အရောင်းသွက်လျက်ရှိကြောင်း၊ ယခင် ဩဂုတ်လတွင် မြစ်ရေတက်ချိန် ငါးရရှိမှုနည်းပါး ခဲ့၍ (၂၅) ကျပ်သားလျှင်(၄၅၀၀) ကျပ် ခန့်ဈေးနှုန်းများရှိခဲ့ကြောင်း၊ ငါးဇင်စပ်(ခေါ်) ငါးဖြူဇလွန်ငါးများကိုလည်း ရောင်းချလျက်ရှိရာ ဆူးတောင်များပေါများ၍ ကိုင်တွယ်လုပ် ကိုင်ရလက်ဝင်သဖြင့် စားသုံးမှု နည်းသော်လည်း အိမ်ကြောင် မွေးသူများ ကြောင်စာအတွက် ဝယ်ယူမှုရှိသောကြောင့် အဆိုပါငါးသည် လည်း အရောင်းသွက်လျက်ရှိပါသည်။ အကောင်ကြီး များကိုရွေး၍ ဆူးတောင်များကိုကပ်ကြေးဖြင့် ညှပ်ပြီး ကြော်စားခြင်း၊ ဆန်မှုန့်ဖြင့်ရော၍ ကြော်စားခြင်းများလည်းရှိရာ ငါးရရှိမှုနည်းပါးသည့် ရက်များတွင် နံနက်အစောပိုင်းမှာတင် ကုန်တတ်၍ အစောပိုင်းလာရောက်ဝယ်ယူသူများလည်းရှိ ကြောင်းနှင့် (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်ဈေးများရှိကြောင်း အေးမြသီတာဈေးရှိ ငါးရောင်းချ သူများထံမှ သိရှိရသည်။

DOCA(မန္တလေး)