Main menu

            မြင်းခြံမြို့နယ်၏မိုးဖူးစားပြောင်းစိုက်ပျိုးထားရှိမှု

Powered by Drupal

     ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိသော မြင်းခြံမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး၊ ဥယျာဉ်ခြံမြေနှင့်   ထန်းလုပ်ငန်းများလုပ်ကိုင်လျက်ရှိကြောင်း၊ မိုးဖူးစားပြောင်းကို ဩဂုတ်လ နှင့် စက်တင်ဘာလတို့တွင်စတင်စိုက်ပျိုးပြီး၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက် ပေါ်မည်ဖြစ်ကြောင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ အနိမ့်ကျေးရွာ၊ ဂေါင်းကွဲရွာ၊ ပတ္တာကျေးရွာ၊ လေးအိမ်တန်းအုပ်စု၊ တလုပ်ရွာ၊ သင်္ဘောတင်ရွာနှင့် နဘူးအိုင်ကျေးရွာများတွင် ဖူးစားပြောင်း များစိုက်ပျိုးထားရှိကြောင်း၊  ၂၀၂၅-၂၀၂၆ခုနှစ်တွင် မိုးဖူးစားပြောင်းစိုက်ပျိုး ထားရှိမှုမှာ(၁၂၈၆)ဧကစိုက်ပျိုးကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏စာရင်းများ အရသိရှိရသည်။စိုက်ပျိုးရန်ကျန်ရှိသောဧကများအား စက်တင်ဘာလကုန်အထိ ဆက်လက် စိုက်ပျိုးမည်ဖြစ်ကြောင်း၊မိုးရွာသွန်းမှုကောင်းပါကအထွက်နှုန်းကောင်းနိုင်ကြောင်း၊ ဖူးစား ပြောင်းများကို ဇန်နဝါရီလ ဒုတိယပတ်တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း ယခင်နှစ်စိုက်ပျိုးထားရှိသော ဖူးစားပြောင်း အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် (၁၅၅၀) ဖူးခန့် ထွက်ရှိခဲ့ကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် အေးမြသီတာဈေး၌ ရောင်းချနေသော ပြောင်းဖူးတစ်ဖူးလျှင် (၅၀၀-၆၀၀) ကျပ်ခန့်ပေါက်ဈေးဖြင့် ရောင်းချကြောင်း၊ ယခုဒေသတွင်း ရောင်းချနေသောဖူးစာပြောင်းဖူးများကို မန္တလေးမြို့တို့မှ တင်သွင်းပြီးဖြန့်ဖြူး ရောင်းချကြောင်း  ပြောင်းဖူးရောင်းချသူ၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)