Main menu

      မုန့်ညင်းဖြူစျေးအနည်းငယ်ကျ

Powered by Drupal

    မန္တလေးမြို့ ၄၁လမ်းစျေးနှင့် သီရိမာလာစျေးအတွင်းသို့ ကုန်စိမ်းမျိုးစုံ ဝင်ရောက် လျက်ရှိပြီး၊မုန့်ညင်းဖြူဟင်းရွက်မှာ ဝင်ရောက်မှုများပြားသည့် သီးနှံအမယ်ဖြစ်ကြောင်း   သိရပါသည်။ မုန်ညင်းဖြူမှာ မန္တလေးတိုင်း‌ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မှ ဝင်ရောက်လျက်ရှိပြီး၊ မိုးရာသီချိန်ဖြစ်၍ ဝင်ရောက်မှုများသည့်အတွက် စျေးအနည်းငယ်ကျဆင်း သွားကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်  စက်တင်ဘာလဒုတိယပတ်အတွင်း  မုန်ညင်းဖြူ တစ်ပိဿာလျှင် လက္ကားစျေး ၂၅၀ဝိ/- နှင့် ၃၀၀ဝိ/- ကျပ်၊လက်လီစျေး  ၃၅၀ဝိ/- နှင့် ၄၀၀ဝိ/-စျေး ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(မန္တလေး)