
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာ၊ မြစ်ငယ်၊ ပြင်ဦးလွင်၊ ပုပ္ပါးဒေသ များတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သည့် ဩဇာသီးနှံကို စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ဩဇာပင်ကို မိုးဦးကျကာလများဖြစ်သည့် ဇွန်လနှင့် ဇူလိုင်လများတွင် စိုက်ပျိုးပြီး ၅ နှစ်အကြာတွင် အသီးများစတင်ခူးဆွတ်ရကြောင်း၊ ဩဇာသီးအညိုရောင် မျိုးနှင့်အစိမ်းရောင်မျိုးဟူ၍ နှစ်မျိုးရှိပြီး အစိမ်းရောင်မျိုးကိုအများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ယခုစက်တင်ဘာလ ဈေးနှုန်းများအနေဖြင့် ဩဇာသီးအလုံးအရွယ်အစားပေါ်မူတည်၍ အလုံးကြီးတစ်လုံးလျှင် ၁၀၀၀ကျပ်၊ အလုံးလတ်တစ်လုံးလျှင် ၅၀၀ကျပ်၊အလုံးသေးတစ်လုံးလျှင် ၃၀၀ကျပ်နှုန်းဖြင့်ရောင်းချကြပြီး ယခင်လ ထက်ဈေးနှုန်းအနည်းငယ်လျော့ကျကာ မန္တလေးဈေးကွက်အတွင်းသို့ ဩဇာသီးများလှိုင်လှိုင် ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)