Main menu

တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝင်ဈေးအတွင်းရှိ အလှကုန်ပစ္စည်းများ ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေး ရေးအရာရှိ)နှင့်ဝန်ထမ်းများသည် တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝင်ဈေးအတွင်းရှိ အလှကုန်ပ စ္စည်းအရောင်းဆိုင်များအား ၁၀.၉.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် စပ်လျဉ်းပြီး အလှကုန်ပစ္စည်းအမျိုးမျိုး တွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မ တည့်ကြောင်းဖော်ပြချက်တို့ပါရှိခြင်းရှိ/မရှိ တို့ကို တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝင်ဈေးအတွင်းရှိ အလှကုန်ဆိုင်(၅)ဆိုင်အား စစ်ဆေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာအချက်အလက်များကို ‌ရှင်း လင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)