Main menu

မန်းမြို့တွင်း ဂရိတ်ဖုသီးဈေးကွက်

Powered by Drupal

      မန္တလေးမြို့တွင်းသို့ ကချင်ပြည်နယ်မြစ်ကြီးနားနှင့် မိုးကုတ်ဒေသများမှ ဂရိတ်ဖုသီးများ ဝင်ရောက်လျက်ရှိပါသည်။ဂရိတ်ဖုသီးများကို ဖျော်ရည်လုပ်၍သောက်သုံးခြင်းအားဖြင့် သွေးတိုးကိုကျစေပြီး ရာသီဥတုအပူဒဏ်ကို ကာကွယ်ခြင်း၊ အမူးအမော်ကိုပြေစေခြင်း၊ မောပန်းမှုဒဏ်ကိုခံနိုင်ခြင်းတို့ကြောင့် လူကြီးများအတွက် အထူးသင့်လျော်သည့် သစ်သီးတစ်မျိုးလည်းဖြစ်ပါသည်။မန်းမြို့တွင်း သို့ ဝင်ရောက်သည့် ဂရိတ်ဖုသီးဈေးနှုန်းဈေးကွက်အနေနှင့် မြစ်ကြီးနားနယ်ဘက်မှ ဝင်ရောက်သည့် အသီးများမှာ ၂၅လုံးလျှင် ၁၇၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ် ၊ မိုးကုတ်ဒေသမှဝင်ရောက်သည့်အသီးအနေနှင့် ၂၅လုံး လျှင် ၁၇၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်နှင့် သစ်သီးဒိုင်များမှ ရောင်းဝယ်လျက်ရှိပြီး လက်လီဈေးနှုန်းဈေးကွက် အနေနှင့် တစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်များနှင့် ရောင်းဝယ်မှုရှိသလို ဂရိတ်ဖုဖျော်ရည်(၁)ခွက်လျှင် အအေးဆိုင်များမှ ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်များနှင့် ရောင်းဝယ်မှုရှိကြောင်း မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း လက်လီသစ်သီးရောင်းဝယ်မှုနှင့် အအေးဆိုင်များတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)