
မြန်မာ့အစားအစာဖြစ်သော မုန့်ဟင်းခါးများနှင့် နံနက်စာထမင်းကြော်စားသုံးရာတွင် အဓိက တွက်ဖက် စားသုံးသော ဘဲဥများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်လည်း လူကြိုက်များ အဓိက စားသုံးသော စားကုန်တစ်မျိုးဖြစ်ပါသည်။
ယခင် စက်တင်ဘာလ ဒုတိယအပတ်အတွင်း ဘဲဥအကြီးတစ်လုံးလျှင် (၇၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိရာ ယခင်ပထမအပတ်နှင့်နှိုင်းယှဥ်ပါက စျေးနှုန်းအနည်းငယ် တည်ငြိမ်လျက်ရှိကြောင်း ထားဝယ် မြို့၊ စည်ပင်သာယာစျေးကြီးအတွင်းရောင်းချလျက်ရှိသော ကြက်ဥ/ဘဲဥရောင်းချသော စျေးသည် များထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)