
ထားဝယ်မြို့၏ အဓိကစားသုံးကုန်တစ်မျိုးဖြစ်သော ကြက်ဥသည် စားသုံးသူပြည်သူတို့၏ အဓိကဖြစ်သည့်နှင့်အညီ လိုအပ်ချက်များစွာရှိသည်။ ရှမ်းပြည်နယ်မှ အများဆုံးတင်သွင်းပြီး စီးပွား ဖြစ်မွေးမြူကြသော လုပ်ငန်းအများအပြားရှိသည်။ စက်တင်ဘာလ ပထမပတ်အတွင်း ထားဝယ်မြို့ စျေးကွက်တွင်ဖြစ်ပေါ်နေသော ကြက်ဥ/ ဘဲဥ စျေးနှုန်းများသည် အနည်းငယ်ပြောင်းလဲနေကြောင်း သိရပါသည်။
ယခင် သြဂုတ်လအတွင်း ကြက်ဥတစ်လုံးလျှင် (၅၀၀)ကျပ်၊ ဘဲဥကြီးတစ်လုံးလျှင် (၇၀၀) ကျပ်ခန့်ရှိပြီး၊ ယခုလက်ရှိ စျေးနှုန်းများအရ ကြက်ဥတစ်လုံးလျှင် (၆၀၀) ကျပ်၊ ကျပ်ခန့်နှင့် ဘဲဥတစ်လုံးလျှင် (၇၀၀) ကျပ်ခန့်ရှိကာ စျေးနှုန်းပြောင်းလဲလျက်ရှိနေကြောင်း ထားဝယ်မြို့ရှိ စည်ပင် သာယာစျေးကြီးများတွင် ရောင်းချနေသူများထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)