Main menu

သက်သာသောဈေးနှုန်းဖြင့်ဆန်ရောင်းချမှု

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဆန်ကုန်သည်နှင့် ဆန်စက်လုပ် ငန်းရှင်များမှ ဆန်ကိုသက်သာသောနှုန်းထားဖြင့် ဗီနိုင်းချိတ်ဆွဲရောင်းချနေခြင်းကို ဇွန်လ(၂၄)ရက် နေ့မှစတင်ရောင်းချခဲ့ရာ ယနေ့အထိရက်မပြတ် နေ့စဉ်အကန့်အသတ်မရှိ ဝယ်ယူလိုသည့်ပမာဏ အတိုင်းရောင်းချပေးလျက်ရှိပါသည်။၁၀.၉.၂၀၂၅ရက်နေ့တွင် ဆန်စက်နှင့်ဆန်ဆိုင် (၁၃)ခု တို့မှ ဆန်အိတ်(၂၀)အိတ်၊  လူဦးရေ (၂၄၀)ဦးအား ရောင်းချပေးပြီး ဖြစ်ပါကြောင်းနှင့် ရေဘေး အတွက် အလှူရှင်များရှိပါကလည်း လိုသလောက်သက်သာသောဈေးနှုန်းဖြင့် ဆန်ကုန်သည်များမှ ရောင်းချ ပေးထားပါကြောင်း သာယာဝတီမြို့နယ်မှ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချမှု အကြောင်း တင်ပြလိုက်ပါသည်။

DOCA(ပဲခူး)