Main menu

လက်ပံတန်းမြို့ဈေးအပြင်တန်းရှိ သစ်သီးဈေးကွက်

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့ဈေးရှိ စက်တင်ဘာလ ဒုတိယပတ်တွင် ရောင်းချနေသော  သစ်သီးဈေးနှုန်းများမှာ ပန်းသစ်တော်သီး ၁ လုံးလျှင်  (၄၅၀၀/၅၀၀၀/၇၀၀၀/) ကျပ်၊ သင်္ဘောသီးမှည့် ၁ လုံးလျှင် (၁၅၀၀/၃၅၀၀/)ကျပ်၊ နာနတ်သီး (၁)လုံး (၂၀၀၀/၃၀၀၀/)ကျပ်၊ နင်္ဂါးမောက်သီး (၁)လုံး (၁၅၀၀/၂၀၀၀/ )ကျပ်၊ဖရဲသီး ၁ လုံး (၅၀၀၀/)ကျပ်၊ လိမ္မော်သီး ၁ လုံး ၂၀၀၀/ကျပ်၊ပန်းသီး ၁ လုံး (၃၀၀၀/) ကျပ်မှ ၇၀၀၀/ကျပ် မာလကာသီး ၁လုံးလျှင် ၁၀၀၀/ ၁၅၀၀/ကျပ်၊  ဩဇာသီးတစ်လုံးလျှင် ၁၀၀၀/၁၅၀၀ ကျပ်၊  သပျစ်သီး ၁၀ကျပ်သားလျှင် (၃၀၀၀/ ၄၀၀၀/)ကျပ်၊ ဈေးများဖြင့် ရောင်းချ နေကြကြောင်း မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)