Main menu

ပြည်ဈေးကွက်တွင် ရောင်းချနေသည့် ဟင်းကပေါင်းသီး

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ရှိ မြို့မစည်ပင်သာယာဈေးကြီးအပါအဝင် အခြားဈေးများတွင် ဟင်းကပေါင်းသီးများ ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ပြည်မြို့၊ တောင်ခွေးရဲကျေးရွာတွင် ဟင်းကပေါင်းသီးများ လှိုင်လှိုင်ပေါ်ထွက်ပြီး ရန်ကုန်သို့လည်း တင်ပို့ရောင်းချကြောင်း သိရပါသည်။

          ဟင်းကပေါင်းသီးကို မိုးရာသီမှာသာ အများဆုံးရရှိတတ်သော သီးနှံတစ်မျိုးဖြစ်ပြီး စားလိုက်ရင်လည်း နူးညံ့ကာ ချိုဆိမ့်ပြီးအရသာရှိသောကြောင့် စားဖူးသူတိုင်း စွဲမက်ကြသည်။ ဟင်းကပေါင်းသီးကို ကြော်ချက်လေးချက် စားကြသလို အသားအမျိုးမျိုးနှင့်ရောပြီး ကြော်စားချက်စားကြပါသည်။

          ဟင်းကပေါင်းသီးဈေးနှုန်းများမှာ (၁၀)လုံး တစ်တွဲလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)