ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသီးနှံစိုက်ပျိုးမှုများတွင် နေကြာသီးနှံရိတ် သိမ်းမှုများသာကျန်ရှိနေသည့်အနေအထားကို တွေ့ရှိရပါသည်။ ဆောင်းမြေပဲအဖြစ် စိုက်မှုများ ကြားလိုက်၊ ပေါင်းပေါက်လုပ်ငန်းများဆောင်ရွက်နေမှုများကိုတွေ့ရှိလာရသည်။ သီးနှံပွဲရုံများသို့ နှမ်းဝင်ရောက်မှုနည်းပါးခဲ့ပြီး၊ မြေပဲဝင်ရောက်မှုအားကောင်းနေဆဲရှိနေပါသည်။ နှမ်း(နက်)အနေ ဖြင့် မန္တလေးစျေးကွက်သို့တင်ပို့မှုအနည်းငယ်ရှိခဲ့ပြီး၊ မြေပဲ(လုံးဆံ)မန္တလေးနှင့် ရန်ကုန်သို့ တင်ပို့ မှုရှိခဲ့သည်ကိုတွေ့ရှိရပါသည်။ နှမ်း(နက်)စျေးနှုန်းမြင့်တက်မှုရှိခဲ့ပြီး၊ နှမ်း(နီ) စျေးနှုန်း တည်ငြိမ်ပါ သည်။ မြေပဲစျေးနှုန်းများတွင် အတောင့်၊အဆံစျေးနှုန်းများတည်ငြိမ်မှုရှိနေပါသည်။ စျေးကွက်များ သို့ဖြန့်ဖြူးမှုတွင်ပုံမှန်ကြိတ်ခွဲမှုရှိနေပြီး၊ မြေပဲကြိတ်ခွဲမှုအများဆုံးတွေ့ရှိရပါ သည်။ နဝလီကြိတ်ခွဲမှု လျော့ကျသွားခြင်းမရှိခဲ့ပါ။ ဆီစျေးနှုန်းများတည်ငြိမ်မှုရှိနေပြီး၊ မြေပဲဆီ (16000)ကျပ်၊ နှမ်းဆီ (16000)ကျပ်၊ နေကြာဆီ(18000)ကျပ် စျေးနှုန်းဖြစ်ပေါ်မှုကို တွေ့ရပါသည်။ ဆီကြိတ်ဖတ် တင်ပို့ မှု ရန်ကုန်နှင့် မန္တလေးသို့ စျေးကွက်များသို့တင်ပို့မှုရှိခဲ့ပြီး၊ မြေပဲဖတ် (5200)ကျပ်၊ နှမ်းဖတ် (3000)ကျပ်၊ နေကြာဖတ်(2100)ကျပ်တို့ဖြင့်စျေးနှုန်းဖြစ်ပေါ်နေမှုကို တွေ့ရှိရပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)