
မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတစ်လျောက်တွင် တွင်းမဒေသထွက် အုန်းသီးများ အဓိက ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ အုန်းပင်ကို အရွက်အလက်မှစ၍ အုန်းမြစ်အထိ လူသုံးကုန်ပစ္စည်းအမျိုးမျိုးလည်း ပြုလုပ်နိုင်ပါသည်။ အုန်းသီးအသားကို စားသောက်ကုန်အမျိုးမျိုး အသုံးပြုနေကြပြီး အုန်းစိမ်းရည်ကို ကျန်းမာရေးအရ ဆေးဖက်ဝင်အဖြစ် သောက်သုံးနေကြပြီးလည်း ဖြစ်ပါသည်။
မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် စက်တင်ဘာလ ဒုတိယပတ်၌ ဖြစ်ပေါ်နေသော အုန်းသီးဈေးနှုန်းများမှာ အုန်းစိမ်းရေသောက် အုန်းသီး အနု/အရင့် ပေါ်မူတည်၍ အုန်းသီး တစ်လုံးလျှင် (၂၅၀၀)ကျပ်မှ (၃၂၀၀)ကျပ်အထိ အကြီး/ အသေးပေါ်မူတည်၍ မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတစ်လျောက်တွင် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)