Main menu

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဂေါ်ဖီထုတ်

Powered by Drupal

          သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ်ကို မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ တဆင့် မှာယူရောင်းချ ကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ရောင်းချလျက် ရှိသော ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် ဈေးနှုန်းမှာ ဂေါ်ဖီထုတ် (ခေါ်)မုံလာထုတ် အကြီး တစ်ထုတ် လျှင်(၃၅၀၀)ကျပ်၊ ဂေါ်ဖီထုတ်(ခေါ်) မုံလာထုတ် အသေး တစ်ထုတ်လျှင်(၃၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်း သီးနှံအစုံ ရောင်းချသူထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)