
သံပုရာသီးကိုနွေသီးနှင့် မိုးသီးဟူ၍ (၂)မျိုးရှိပြီးနွေရာသီတွင် သီးသောအသီးမှာအထွက်နည်း၍ တန်ဖိုးလည်းကြီးပါသည်။ယခုအချိန်ဖြစ်သောမိုးရာသီကာလတွင် သံပုရာသီများလှိုင်လှိုင်ထွက်ပေါ်လာချိန်ဖြစ်၍ တစ်ပင်လျှင်အလုံးရေ(၅၀၀)ခန့်အသီးနှုန်းအားကောင်းလာပါသည်။ထို့ကြောင့် သံပုရာသီးကို နွေသီးနှင့် မိုးသီးဈေးနှုန်းနှိုင်းယှဉ်လျှင် ဈေးကွာခြားချက်များရှိ၍ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများအနေဖြင့်လည်း အပိုဝင်ငွေများ ရရှိလာမည်ဖြစ်ပါသည်။
သံပုရာသီးဈေးမှာလည်း ကျဆင်းလာခဲ့၍ ရောင်းချသောဈေးနှုန်းများမှာ အကြီးတစ်လုံးလျှင် (၁၀၀) ကျပ်နှင့် အသေးတစ်လုံးလျှင် (၅၀) ကျပ်ဖြင့်ဈေးကွက်များတွင် ရောင်းချလျက်ရှိပါသည်။ကန်ကြီးထောင့်မြို့၊မြို့မဈေးသစ်ဈေးကွက်တွင် ရောင်းချနေသောသံပုရာသီးများမှာလည်း ကန်ကြီးထောင့်ဒေသအတွင်း ထွက်ရှိသောသံပုရာသီးများဖြစ်ပြီး ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။
(Doca ဧရာဝတီ)