Main menu

မအူပင်ဈေးကွက်အတွင်း ရောင်းချနေသော ထိုင်ဝမ် ကျောက်စိမ်း ဖရဲသီး ဈေးကွက်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊  မအူပင်မြို့တွင် မန္တလေးတိုင်း၊ ကျောက်ဆယ်မြို့နယ် ထွက် သဲတောမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များမှ ထွက်ရှိသော ထိုင်ဝမ်ကျောက်စိမ်းဖရဲသီးများအား မအူပင်မြို့နယ်တွင် သုံးဘီးဆိုင်ကယ်ဖြင့် တစ်ဆင့်ဝယ်ယူရောင်းချသူများ အဆင်ပြေလျက်ရှိ ကြောင်း ဖရဲသီးရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရသည်။

   ကျောက်စိမ်းဖရဲသီးများကို ဝယ်ယူရာတွင် အလုံးအကြီးအသေးအလိုက် ဈေးနှုန်း မတူညီပဲ လက်ကားဈေး ဖရဲသီးရှယ်အလုံးကြီး ၁လုံး ၄၀၀၀ကျပ်၊ အလတ်၊ ၃၀၀၀ကျပ် ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး၊  ရောင်းချသည့်အခါ အသီးတစ်လုံးတွင် အမြတ်ငွေ(၅၀၀)ကျပ်မှ (၁၀၀၀) ကျပ်အထိ ရရှိသဖြင့် ဖရဲသီးဝယ်ယူရောင်းချရာတွင် အဆင်ပြေလျက်ရှိကြောင်း နှစ်စဉ် ဆက်တိုက် ထိုင်ဝမ်ကျောက်စိမ်းဖရဲသီးရောင်းချသူမှ ပြောပြ၍ သိရသည်။ ပွင်းလင်းရာသီသို့ရောက်ရှိလာပါက ဒေသစိုက်ပျိုးသော ဖရဲသီးများနှင့် ယှဉ်ရောင်းချရသဖြင့် ဈေးကျဆင်းကြောင်း၊ ဒေသစိုက် ဖရဲသီး မပေါ်ခင်တွင် ဈေးကောင်းကြောင်း ဖရဲသီးရောင်းချသူမှ ရှင်းပြ၍ သိရသည်။

DOCA(ဧရာဝတီ)