
မအူပင်ခရိုင် ထုံးဖိုကျေးရွာ၊ တလိုင်းစု တွင် တောင်သူ ဦးအောင်မိုးက လယ်မြေပေါ်တွင် ကြက်ဟင်းခါးသီးနှံ စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။ စိုက်ပျိုးမှု ဧကမှာ ဧကဝက် စိုက်ပျိုးလျက်ရှိသည်။
ကြက်ဟင်းခါး မျိုးမှာ တြိဂံ အမှတ်တစ်ဆိပ်မျိုးဖြစ်ပြီး ဖြစ်ပြီး မျိုးတစ်ထုတ်လျှင် ၂၀၀၀၀ကျပ်ဖြင့် ဝယ်ယူရပြီး စိုက်ဧကတွင် မျိုး ၁၀ထု တ်စိုက်ပျိုးကြောင်း သိရသည်။ ကြက်ဟင်းခါးသီးနှံကို ဇူလိုင်လက စတင်စိုက်ပျိုးပြီး ၄၅ရက်အကြာတွင် ထွက်ရှိပြီး စိုက်ပျိုးမှု ကုန်ကျစရိတ်မှာ ဧကဝက်တွင် ၅သိန်းကုန်ကျကြောင်း၊ ထွက်ရှိမှုအနေဖြင့် ပိဿာချိန် ၅၀၀ခန့်ထွက်ရှိကြောင်း သိရသည်။ ကြက်ဟင်းခါး သီး ၁ပိဿာလျှင် လက်ကားဈေး ၁၈၀၀ကျပ် ရောင်းချရပြီး လက်လီဈေးမှာ ၁ပိဿာလျှင် ၂၀၀၀ကျပ်ဖြင့် ရောင်းချ ကြသည်။ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၄၀၀၀၀၀ ကျန်ရှိကြောင်း စိုက်ပျိုးသူများက အပိုဝင်ငွေရရှိ၍ နှစ်စဉ် ရာသီမရွး စိုက်ပျိုးကြကြောင်း သိရသည်။
DOCA (ဧရာဝတီ)