Main menu

ဈေးနှုန်းမြင့်တက် အာလူးဈေးကွက်

Powered by Drupal

     ရှမ်းပြည်နယ်တောင်းပိုင်း အောင်ပန်းမြို့တွင် အာလူးအသစ်များထွက်ရှိနေသောကြောင့် အာလူးဈေးများ အနည်းငယ်မြင့်တက်နေကြောင်းသိရှိရပါသည်။

    ရှမ်းပြည်နယ်တောင်ပိုင်းတွင် အာလူးအဓိကစိုက်ပျိုးသောဒေသများမှာ ပင်လောင်း၊ပင်းတယ၊နောင်တရား၊ တီကျစ် နှင့်အောင်ပန်းဒေသများဖြစ်ပြီး ယခုစက်တင်ဘာလ(ပထမ)အပတ်တွင် နောင်တရားနှင့် တီကျစ်ဒေသများမှ အာလူးများအသစ်ထွက်ရှိနေသောကြောင့် အာလူးဈေးများမှာ ယခင်လထက် ဈေးအနည်းငယ်မြင့်တက်လာကြောင်းသိရှိရပါသည်။ ယခင်လမားကစ်S-2/S-3 တစ်ပိဿာ ၅၀၀၀ကျပ်၊ မျက်နီS-2/S-1 တစ်ပိဿာ၄၅၀၀ကျပ်၊ ဒေသA-1 တစ်ပိဿာ၃၀၀၀ကျပ်နှင့် ဂေါ်လီဆိုဒ်၂၀၀၀ကျပ်ရှိပြီး ယခုလ(ပထမ)အပတ်တွင် မားကစ်S-2/S-3တစ်ပိဿာ ၆၅၀၀ကျပ်၊ မျက်နီS-2/S-1တစ်ပိဿာ ၆၀၀၀ကျပ်၊ ဒေသA-1တစ်ပိဿာ၄၀၀၀ကျပ်နှင့်ဂေါ်လီဆိုဒ် တစ်ပိဿာ ၂၅၀၀ကျပ် အထိမြင့်တက်လာကြောင်းဈေးကွက်အတွင်းမှ လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)