
စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူကို ဟင်းလျာများတွင် အသုံးပြုပြီး ပြည်နယ်အတွင်းတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြပြီး အောင်ပန်း၊ ကလောတို့မှသယ်ယူ ရောင်းချလျက်ရှိပါသည်။ လက်ရှိစျေးကွက်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်ဖြူ စျေးနှုန်းမှာ ယခု စက်တင်ဘာလအတွင်း ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိသာလျှင် (၁၅၀၀၀)ကျပ်နှင့်၊ (ကြူဂုတ်) တစ်ပိသာလျှင် (၂၄၀၀၀)ကျပ် ဖြစ်သွားကြောင်း ထားဝယ်မြို့ စည်ပင်သာယာစျေးအတွင်းရှိ စားဖို ဆောင်သုံး ပစ္စည်းများရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)