Main menu

ရှမ်းမြောက် လားရှိုးမြို့မှ ရာသီစာ မန်ကျည်းသီးအစိမ်း ဈေးကွက်

Powered by Drupal

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဘူတာဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ  ရာသီစာမန်ကျည်းသီးအစိမ်းများကို ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

     မန်ကျည်းသီးအစိမ်းဈေးနှုန်းများမှာ  စတင်ထွက်ပေါ်သည့် အချိန်တွင် နို့ဆီဘူး (၁) ဘူးလျှင် (၃၀၀၀)ကျပ်မှ(၄၀၀၀)ကျပ်အထိ ရှိခဲ့ပြီး၊ ယခု စက်တင်ဘာလ ပထမပတ်တွင် မန်ကျည်းအစိမ်းများ လှိုင်လှိုင်ထွက်ပေါ်လာသည့်အတွက် နို့ဆီဘူး(၁)ဘူးလျှင် (၁၅၀၀)ကျပ်မှ(၂၀၀၀)ကျပ်ဖြင့် ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)