Main menu

ဈေးနှုန်းတည်ငြိမ်လျက်ရှိသော မြန်အောင်မြို့၏ ဘိလပ်မြေဈေးကွက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး  ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများအား စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ  ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းသည် (၈.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် မြန်အောင်မြို့နယ် အတွင်းရှိ ဘိလပ်မြေရောင်းချသည့်  အိမ်ဆောက်ပစ္စည်းဆိုင်များသို့ ကွင်းဆင်းလေ့လာခြင်းကို ဆောင် ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းလေ့လာရာတွင် စက်တင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ဘိလပ်မြေ ဈေးနှုန်းများမှာ Apache တစ်အိတ်လျှင် (၂၂၅၀၀/-) ကျပ်နှင့် Alpha တစ်အိတ်လျှင် (၂၂၅၀၀/-)ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ အခြား အိမ်ဆောက်ပစ္စည်းများအနေဖြင့် သံ ၁ တန်လျှင် ၁၅၀၀၀၀၀/- ကျပ်၊ ကျောက်တစ်ကျင်းလျှင် ၁ သိန်းကျပ်၊ သဲတစ်ကျင်းလျှင် ၃၀၀၀၀/-ကျပ်နှင့် အုတ်တစ်လုံးလျှင် ၃၅၀/- ကျပ်ဖြင့် ဒေသတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များထံမှ သိရှိရပါသည်။

 (DOCA ဧရာဝတီ)