Main menu

ပန်းဂေါ်ဖီစိမ်းစျေးကွက်

Powered by Drupal

  မန္တလေးကုန်စိမ်းစျေးကွက်သို့      မန္တလေးတိုင်းဒေသကြီး၊    စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများ မှ ထွက်ရှိသည့် ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများ စျေးကွက်အတွင်း ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ပန်းဂေါ်ဖီပွင့်ဖြူ နှင့် ပန်းဂေါ်ဖီပွင့်စိမ်းမှာ အရောင်းသွက်သည့်ကုန်စိမ်းအမယ်များဖြစ်ပြီး၊ ပန်းဂေါ်ဖီစိမ်းမှာ နူးညံ့မှု ပိုသည့်အတွက်စျေးပိုရကြောင်း သိရှိရပါသည်။ မန္တလေးကုန်စိမ်းစျေးကွက်အတွင်း ၂၀၂၅ ခုနှစ် စက်တင်ဘာလပထမပတ်အတွင်း ပန်းဂေါ်ဖီစိမ်းတစ်ခုလျှင် လက္ကားစျေး  ၁၃၀ဝိ/-နှင့် ၁၅၀ဝိ/- စျေး၊လက်လီစျေးမှာ  ၁၇၀ဝိ/- နှင့် ၂၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးကုန်စိမ်းရောင်းချသည့်သီရိမာလာ စျေး(ပိုက်ကျုံးစျေး)တွင် ပန်း‌ဂေါ်ဖီဖြူနှင့် ပန်းဂေါ်ဖီ စိမ်း ကားဝင်ရောက်မှုမှာ နေ့စဉ်တစ်ရက်လျှင် Center () ဘီးကား (၈)စီးနှင့် (၁၀)စီး အကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)