Main menu

ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

Powered by Drupal

    ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၃၁)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့ စက်သုံးဆီ တစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၈၅)ကျပ်၊ 95 Octance(၃၁၇၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၁၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၁၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

  စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၅-၉-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၅၅)ကျပ်၊ 95 Octance(၃၁၂၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octanceတွင်(၅)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တွင်(၃၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး 95 Octanceတွင်(၂၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ ကြောင်း သိရှိရသည်။

DOCA(မန္တလေး)