
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ အမှတ်(၂)ဈေးအတွင်း၌ ရောင်းချနေသော မာလကာသီးများကို ပခုက္ကူမြို့ပေါ်ရှိ မာလကာသီးခြံများနှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်း တောင်း၊ ပုပ္ပါးဒေသတို့မှ မှာယူရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ရောင်းချနေသော မာလကာသီး ဈေးနှုန်းများမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၄၀၀၀)၊ အလတ်ဈေး ကျပ်(၃၀၀၀)၊ အနိမ့်ဈေး ကျပ်(၂၀၀၀) ဈေးနှုန်းဖြင့် အသီး၏ အရည်အသွေးအပေါ် မူတည်၍ ရောင်းချလျက်ရှိကြောင်း မာလကာသီး ရောင်းချသူထံမှ သိရှိရပါသည်။
DOCA(မကွေး)