Main menu

ပခုက္ကူမြို့၏ကြက်သွန်ဖြူဈေးနှုန်းဈေးကွက်

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့  ကုန်စိမ်းသီးနှံဈေးကွက်တွင် စားသုံးသူ များ ဝယ်ယူသုံးစွဲလျက်ရှိသည့် ကြက်သွန်ဖြူသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ စိုက်ပျိုးမှုအနေဖြင့် မကွေးတိုင်းဒေသကြီး အအေးပိုင်း ဒေသများ ဖြစ်သည့် ဆော၊ ကျောက်ထု၊ ပေါက်ဒေသများတွင် အများဆုံး စိုက်ပျိုးကြောင်း၊ ပခုက္ကူ ဈေးကွက်သို့ ယောနယ် ဒေသနှင့် ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူများဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ် ကြောင်း  သိရှိရသည်။

      ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် ဗမာကြက်သွန်ဖြူ အလုံးအကြီး အသေးနှင့် အရည်အသွေးလိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၃၀၀၀-၁၀၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း၊ ရှမ်းကြက်သွန်ဖြူ(ဥကြီး) မျိုး တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀-၁၃၀၀၀)ဈေးရှိပြီး ယခင် ဩဂုတ်လ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)