Main menu

ကန့်ဘလူမြို့ဆီထွက်သီးနှံဈေးကွက်ရှိ နှမ်းနက်၊နှမ်းဖြူဈေးနှုန်း

Powered by Drupal

      ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆောင်းနှမ်းကိုအဓိက စိုက်ပျိုး ကြောင်း၊ နှမ်းသီးနှံကို ဒေသတွင်း၌ဆီကြိတ်သော်လည်း ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများသို့ အဓိကတင်ပို့ကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၂၁၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၀၃၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက စက်တင်ဘာလ ပထမပတ်အတွင်း နှမ်းနက်တစ်တင်းလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း ဒေသတွင်း သီးနှံပွဲရုံငန်းရှင်များထံမှ သတင်းရ ရှိသည်။

DOCA(စစ်ကိုင်း)