Main menu

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ငါးမြွေထိုးခြောက်ပိဿာ ၆၅၀၀၀ အထိ တင်ပို့ရောင်းချ

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး   ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း  ငါးမြွေထိုးခြောက် ပိဿာ  ၆၅၀၀၀  အထိ   တင်ပို့ရောင်းချခဲ့ ကြောင်း ကျိုက်လတ်မြို့နယ် ရှိ ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်နီဝင်း၏ပြောကြားချက်အရ  သိရသည်။ 

          "ကျိုက်လတ်မြို့နယ်ကနေ ငါးခြောက် တွေကို လစဉ်တင်ပို့ရောင်းချနေပါတယ်။ ဇူလိုင်လ ပထမပတ်လောက်ကတည်းက ရန်ကုန်ဈေးကွက်ကို  ငါးမြွေထိုးခြောက်တွေ တင်ပို့ရောင်းချ အားကောင်းခဲ့ပါတယ်။ တစ်လတာကာလအတွင်း ငါးမြွေ ထိုးခြောက်ပိဿာ ၆၅၀၀၀ အထိ တင်ပို့ ရောင်းချခဲ့ရပါတယ်။  ငါးမြွေထိုးခြောက် လုပ်ငန်းက ဒေသအတွက် အလုပ်အကိုင် ဖန်တီးပေးတဲ့ လုပ်ငန်းပါ။ အခုလို ငါးမြွေထိုးခြောက်တွေ  ဝယ်ယူမှုများလာတာကြောင့် ငါးမြွေထိုးခြောက်လုပ်ငန်း နဲ့    ဆက်စပ်လုပ်ကိုင်တဲ့သူတွေအားလုံး အဆင်ပြေလာပါတယ်''  ဟု ဒေါ်နီဝင်းက ပြောသည်။ 

          ကျိုက်လတ်မြို့နယ်မှ   ရန်ကုန်ဈေး ကွက်သို့    ဇွန်လအတွင်းက   ငါးမြွေထိုး ခြောက်ပိဿာ ၅၅၀၀၀ သာ တင်ပို့ရောင်းချ နိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်မှ ၃၁ ရက်အထိ တစ်လတာ ကာလ အတွင်း     ငါးမြွေထိုး ခြောက်ပိဿာ  ၆၅၀၀၀  အထိ  တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)