Main menu

ဇလွန်မြို့နယ်၌ နာနတ်သီးများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေ

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး   ဇလွန်မြို့နယ်မှ ဒေသထွက် နာနတ်သီးများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေကြောင်း ဇလွန်မြို့နယ်မှ  သစ်သီးမျိုးစုံရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ ဒေါ်အေးသူ၏ ပြောပြချက်အရ သိရသည်။

          ဇလွန်မြို့နယ်၌    ဇူလိုင်လနောက်ဆုံးပတ်မှစ၍ နာနတ်သီးများ  ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ တစ်ရက်လျှင် အလုံးရေ ၃၅၀၀၀ မှ ၄၅၀၀၀ အထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ "ဇလွန်မြို့နယ်ကနေထွက်ရှိတဲ့  နာနတ်သီးတွေ အဝယ် လိုက်ပြီး အရောင်းအဝယ် ကောင်းလာပါတယ်။   နာနတ်သီးတွေက  အရည်အသွေးလည်း ကောင်း တဲ့အတွက်  ဒေသဈေးကွက်နဲ့  တခြားဒေသ   သီးနှံဈေးကွက်က  ဝယ်လက်တွေက အဝယ်လိုက် နေပါတယ်။   ဒေသထွက်နာနတ်သီးတွေက  ပိုးမွှားကင်းရှင်းပြီး အရည်အသွေး‌ကောင်းမွန်ပါတယ်" ဟု ဒေါ်အေးသူကပြောသည်။ ဇလွန်မြို့နယ်ဒေသထွက်  နာနတ်သီးများနှင့် တခြားကုန်စိမ်းများကို ဒေသဈေးကွက်အပြင် ပုသိမ်၊ ပန်းတနော်၊ ဟင်္သာတ  စသည့်ဒေသများသို့လည်း တင်ပို့ရောင်းချ လျက် ရှိကြောင်း သိရသည်။ 

DOCA (ဧရာဝတီ)