Main menu

ခရမ်းချဉ်သီး ဈေးနှုန်းနှင့်ရောဂါကာကွယ်ရေး

Powered by Drupal

           မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ် အေးမြသီတာဈေးကြီးအတွင်းတွင် ပုပ္ပားဒေသမှထွက်ရှိသော ခရမ်းချဉ်သီးများကို တစ်ပိဿာလျှင်(၂၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ် အင်းလေးဒေသမှထွက်ရှိသော ခရမ်းချဉ်သီးများကို တစ်ပိဿာလျှင်(၂၅၀၀)ကျပ်မှ(၃၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ဒေသအလိုက်ထွက်ရှိမှု၊ အနှစ်အရသာနှင့် လူကြိုက်များစားသုံးမှုနှင့်သယ်ယူပို့ဆောင်ခ စရိတ်များကိုလိုက်၍ ဈေးနှုန်းများအသီးသီးရှိပါကြောင်း၊ ခရမ်းချဉ်သီးမှာ ဟင်းဖြစ်လွယ်ပြီး စားသုံးမှုများသောကြောင့် ဈေးကွက်တွင် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ခရမ်းချဉ်သီးမှာ အသားအရေကို ကြည်လင်စေပြီး အရိုးများကို သန်မာစေခြင်း၊ ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့် အစာအိမ်ကင်ဆာတို့ကို ကာကွယ်ပေးသည့်အပြင် ဆေးလိပ်သောက်သုံးသူများအတွက် နီကိုတင်းရန်မှ ကာကွယ်ပေးနိုင်သည့်အတွက် များများစားသုံးပေးသင့်သော သီးနှံတစ်မျိုးပင်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)