Main menu

မိတ္ထီလာ ခဝဲသီး ဈေးနှုန်း/ဈေးကွက်အခြေအနေ

Powered by Drupal

            မိတ္ထီလာခရိုင်တွင်း သာစည်မြို့နယ်ရှိ ချမ်းသာကြီးကျေးရွာတွင် ခဝဲသီးကိုစီးပွားဖြစ်စိုက်ပျိုးကြရာ ယခင်က မြေပြင်တွင်ကြဲချ၍စိုက်ပျိုးခဲ့ရာမှ ယခုအခါတွင် စင်တင်စနစ်၊ ဝါးတန်းထိုးစနစ်ဖြင့် စိုက်ပျိုးလာကြကြောင်း၊ ခဝဲသီးကိုမိုးရာသီ  ဇွန်လတွင် စိုက်ပျိုးကြပြီး ဇူလိုင်လတွင်စတင်ခူးဆွတ်ကြကာ စက်တင်ဘာလကုန်လောက်ထိ(၃)လလောက်ခူးဆွတ်ရကြောင်း သိရပါသည်။

           တစ်ဧကကုန်ကျစရိတ်အနေဖြင့် ၃သိန်း၊ ၄သိန်းကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ၅သိန်း၊ ၆သိန်းရှိပါသည်။ ခဝဲသီးကို ကြော်ချက်၍စားသုံးကြရာ ကြာဇံဖြင့်ရော၍ ကြော်မည်ဆိုလျင် အရံဟင်းတစ်ခွက်အနေဖြင့် ထမင်းမြိန်သည့်အတွက် စားသုံးသူများ ကြိုက်နှစ်ကြပါသည်။

         ခဝဲသီးလှိုင်လှိုင်ထွက်တဲ့ ယခုလိုမိုးရာသီတွင် ဈေးနှုန်းအနေဖြင့် လက်ကားပိဿာဈေး တစ်ပိဿာ(၂၀၀၀/)ကျပ်၊ လက်လီပိဿာဈေး တစ်ပိဿာ (၃၀၀၀/၃၅၀၀)ကျပ် ၊ တစ်တောင့်လျှင် (၈၀၀/၁၀၀၀)ကျပ်ဈေးဖြင့် ဈေးကွက်တွင်ပေါပေါများများ ဝယ်ယူနိုင်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)