
အာလူးကို ရှမ်းပြည်တောင်ပေါ်ဒေသများအပြင် မကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင်လည်း စိုက်ပျိုးကြပါသည်။ အာလူးသည် အာဟာရတန်ဖိုးအမြင့်မားဆုံးပါဝင်သော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည်။ အာလူးကို မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိတောင်ပေါ်ဒေသများတွင် အနည်းငယ်စိုက်ပျိုးကြကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် သာစည်မြို့နယ်အာလူး(မိုး)စိုက်ဧက (၁၂၅)ဧက စိုက်ပျိုးကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦီးစီးဌာနစာရင်းအရ သိရပါသည်။
မိတ္ထီလာခရိုင်တွင် ဒေသတွင်းမှအနည်းငယ်သာထွက်ရှိသဖြင့် ဈေးကွက်အတွင်း အာလူးကို ရှမ်းပြည်နယ် ဟဲဟိုး၊ အောင်ပန်း၊ သိမ်ကုန်း၊ တောင်နီ၊ သံသေ၊ ဆင်တဲ၊နောင်တရားမြို့များမှ ဝင်ရောက်လျက်ရှိကြောင်း၊ ယခုအပတ်အတွင်း ဈေးကွက်အတွင်း အားလူးအဝင်နည်းသဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း၊ ယခုစက်တင်ဘာလပထမပတ်တွင် ပွဲရုံများ၌ လက္ကားဈေး တစ်ပိဿာလျှင်(၄၀၀၀-၅၅၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လက်လီဈေး တစ်ပိဿာ လျှင်(၄၅၀၀-၆၀၀၀)ကျပ်ဈေးရှိပြီး ယခင်လနှင့်ကာတူနှိုင်းယှဉ်လျှင် အာလူးတစ်ပိဿာ လျှင်(၁၀၀၀) ကျပ်ခန့် မြင့်တက်လာကြောင်း အာလူးပွဲရုံများမှ သိရပါသည်။
DOCA(ရန်ကုန်)