Main menu

“စဉ့်ကိုင်မြို့နယ်၌အစေ့ထုတ်ပြောင်းများစိုက်ပျိုး”

Powered by Drupal

            ကျောက်ဆည်ခရိုင်၊ စဉ်ကိုင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ အစေ့ထုတ်ပြောင်း စိုက်ဧက (၄၈၁)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ အစေ့ထုတ်ပြောင်းကို ဇွန်လကုန်၊ စက်တင်ဘာလဆန်းတွင် စတင်စိုက်ပျိုးခဲ့ပြီး နိုဝင်ဘာနှင့် အောက်တိုဘာလများတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးစနစ်အနေဖြင့် ဘောင်ဖြင့်အတန်းလိုက် အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ တစ်ပင်ကို ၈လက်မ ၉လက်မခန့်ခွာ၍ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး (၁၄) ရက် (၁၅) ရက်တွင် အပင်ကို သားခွဲပေးရကြောင်း၊ စိုက်ပျိုးရာတွင် တစ်ပင်ကို တစ်ဖူးနှုန်းသာယူကြောင်း၊ စိုက်ပျိုးသောမျိုးအနေဖြင့် ရွှေဝါ(၁)မျိုး၊ ဆင်းစပ်မျိုးနှင့် ဆင်းရွှေလီစပ် မျိုး(၅)များကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှု တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ တစ်ဧက အထွက်နှုန်းအနေဖြင့် ယခင်နှစ် (၅၀/၆၀)တင်းခန့် ထွက်ရှိကြောင်း၊ အများဆုံးစိုက်ပျိုးသောရွာများမှာ ဖလံဖိုရွာ၊ ပင်းချားကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရွာများတွင် စိုက်ပျိုးကြကြောင်း၊ အစေ့ထုတ် ပြောင်းဈေးနှုန်းအနေဖြင့် ယခင်နှစ် တစ်တင်းဈေးကျပ်နှင့် ယခုလက်ရှိပေါက်ဈေးအနေဖြင့် တစ်တင်းလျှင် (၃၂၀၀/-)ကျပ်ဈေးဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်းကို ပြောင်းဖူးကစီမှုန့်၊ ပြောင်းဖူးဆီနှင့် မွေးမြူရေးလုပ်ငန်းသုံးများတွင် အသုံးပြုကြောင်း၊ အစေ့ထုတ်ပြောင်းပေါ်ချိန်တွင် တောင်သူများမှာ ပွဲရုံများသို့တိုက်ရိုက်တင်ပို့ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်၊ မန္တလေးပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း အစေ့ထုတ်ပြောင်းကို ရှမ်းပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပြီး၊ မြေပြန့်ဒေသတွင် စိုက်ပျိုးမှုနည်းကြောင်း၊ ထွက်ပေါ်ချိန်တွင် ဈေးနှုန်းများကောင်းမွန်ပါက တောင်သူများအကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း အစေ့ထုတ်ပြောင်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)