Main menu

“ ကော့မှူးမြို့နယ်ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချရေးအဖွဲ့မှ ဓာတ်မြေဩဇာများစတင်ဖြန့်ဖြူး ရောင်းချပေး ”

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း  စိုက်ပျိုးလျက်ရှိသည့် သီးနှံများအတွက် ဓာတ်မြေဩဇာနှင့် သဘာဝဓာတ်မြေဩဇာ သွင်းအားစုများကို ဩဂုတ်လ(၂၃) ရက်နေ့၊ ညနေ (၁၅:၀၀)နာရီအချိန်တွင် တောင်သူများသို စာချုပ်ချုပ်ဆို ဖြန့်ဖြူးပေးခဲ့ပါကြောင်း သိရှိရသည်။

          ထိုသို့ ဖြန့်ဖြူးရောင်းပေးခဲ့ရာတွင် ကော့မှူးမြို့နယ် ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချရေးအဖွဲ့မှ ဥက္ကဌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးမင်းနှင့် မြို့နယ်စီမံကိန်းဦးစီးဌာန မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုကြီးကြပ်ရေးအဖွဲ့ဝင်များသည် ကော့မှူးမြို့နယ်၊ ဝါးဘလောက် သောက်ကျေးရွာအုပ်စုတွင် ဩဘာတံဆိပ်ဓာတ်မြေဩဇာ (၃၆၉)အိတ်၊ စရိက္ခနိကျေးရွာတွင် ဩဘာတံဆိပ်ဓာတ်မြေဩဇာ (၅၈၁)အိတ် စုစုပေါင်း (၉၅၀)အိတအား တောင်သူများထံသို့ စာချုပ်ချုပ်ဆို ဖြန့်ဖြူးပေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)