Main menu

ကြို့ပင်ကောက်မြို့ထွက်ဩဇာသီးဈေးနှုန်း/ဈေးကွက်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ရှိ ဩဇာသီးပင်များကို ကျွန်းကုန်းကြီးကျေးရွာ၊ ရွာသာကုန်းကျေးရွာနှင့် ခွန်နှစ်ရွာကျေးရွာများတွင် အများဆုံး စိုက်ပျိုး ထွက်ရှိပါသည်။

          ဩဇာသီးပင်များသည် နှစ်ရှည်သီးနှံဖြစ်သဖြင့် အိမ်တိုင်းလိုလိုခြံလွတ်၊အိမ်ခြံစည်းရိုးများတွင် လည်းစိုက်ပျိုးကြပါသည်။ယခုလအချိန် ဩဇာသီးပေါချိန်ဖြစ်သည့်အတွက် ရောင်းသမားများက အပင်ပြတ်ဝယ်သလို ခြံများတွင်လိုက်ကြည့်၍ အသီးများလိုက်ကောက်ဝယ်ကြကြောင်း ၊ ကြို့ပင် ကောက်မြို့ရှိ ခွန်နှစ်ရွာဩဇာသီးဟု ရန်ကုန်ပြည်ကားလမ်းဘေး အရှေ့ဘက်၊အနောက်ဘက်များ တွင်တည်ရှိပြီး ဩဇာသီးပေါ်ချိန်တွင် အိမ်ရှေ့ကားလမ်းဘေးပေါ်များတွင် တဲဆိုင်ထိုး၍ ရောင်းချ ပါသည်။ယခုနှစ်သည် ယခင်နှစ်ထက် ဩဇာသီးအထက်များသည်။ခြင်းအမျိုးအစားအလိုက် ပေါ်မူ တည်၍ ဈေးနှုန်းလည်းကွာခြားပါသည်။ဩဇာသီးခြင်းအခွံတစ်လုံးကို၁၅၀၀ ကျပ်၊ဩဇာသီး အကြီး/ အသေးပေါ်မူတည်ပြီး အကြီးတစ်လုံးမှာ ၁၅၀၀/၁၃၀၀ကျပ်၊အသေးတစ်လုံးမှာ ၁၀၀၀/၉၀၀ ကျပ် ထိရှိပါကြောင်း လက်ဆောင်ပေးရန်နှင့် ခရီးသွားကားများကလည်း ဝယ်ယူကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)